Thursday, February 14, 2008
အမေ့ကို လွမ်းနေတဲ့သူတွေ..
အခန်း(၁)
“ကဲဟယ်…အဆော့ကိုဒီလောက်တောင် မက်တဲ့ ခလေး ”
“ကြောက်ပါဘီ အမေရဲ့ ..နာလှချည့်..တော်ပါတော့..ဟီး..အီး..”
“အမေ စိတ်ဆင်းရဲလိုက်တာ သားရယ်…ညစာအတွက် ဆန်လေးဝယ်ခိုင်းပါတယ်..ပိုက်ဆံကျ
ပျောက်လာရတယ်လို့ …ဒီညဘယ်လိုထမင်းစားမလဲ”
အမေ ငိုလေပြီ..သားသမီးကို သိပ်ချစ်တဲ့ အမေ…အသားနာအောင် ဒီလောက်ထိ မရိုက်ဘူးပါ။
“ကလေးမ..ဦးလေးအကုန်ကြားပြီးပြီ..ရော့..ဒီငွေလေးနဲ့မင်းတို့ ညစားအတွက် လောက်င မယ်ထင်ပါတယ်”
မျက်နှာချင်းဆိုင်တိုက်ကြီးပေါ်က ဘဘကြီးပါလား…
အခန်း(၂)
ဒီနေ့ လည်းအမေငို နေရပြန်ပြီ။
“အမေရယ်..ဘာလို့ ငိုနေရပြန်တာလဲ”
“သား..အမေ ဒီနေ့ ဈေးရောင်းတာအဆင်မပြေခဲ့ဘူး သား..ညစာ ထမင်းအတွက်တွေးပြီး စိတ်မကောင်းဖြစ်မိလို့ ပါ။ သား ဗိုက်ဆာပြီလား”
“အမေ..ဒါဆိုရင် သားကို ရိုက်လေ…ဟိုနေ့ ကလို အိမ်ရှေ့တိုက်ကြီးပေါ် ဘဘ လာပြီး ပိုက်ဆံပေး မှာပေါ့..”
(သားသမီးကို မရိုက်ရက်သော အမေ မွေးနေ့ အတွက်..အဝေးကနေကန်တော့လိုက်တယ်..အမေရယ်)

Subscribe to:
Post Comments (Atom)
No comments:
Post a Comment