Saturday, February 16, 2008
သြော်..လူ့ ကြမ္မာ
“သူငယ်ချင်း..ငါ့ကိုငွေနဲနဲချေးပါလားကွာ”..ကျနော့ရင်ထဲမှာ ကြေကွဲဝမ်းနဲစွာ အသနားခံလိုက်
ရခြင်း။ မိမိသာလျင် သူ့ အားကူညီပေးခဲ့တာများသည်။ သူ့ ဆီက အကူအညီတောင်းခြင်းသည် ဒါဟာပထမဦးဆုံး။ အဆင်မပြေလွန်း၍သာ ဒီစကားကိုစွန့် စားလိုက်ရခြင်းပါ။ ဒီလိုပြောနိုင်ဖို့ 
တညလုံးစဉ်းစားခဲ့ရသည်။ အိပ်မရအောင် ငွေကြေးက ကျနော့ကိုစိုးမိုးနေခဲ့သည်။ သူ ကျနော့
ကိုစေ့စေ့ကြည့်ကာ သနားစရာ သတ္တ၀ါတကောင်နယ်၊ တခါမှမတွေ့ ဘူးသော သူအလား၊ သူ့ 
အကြည့်တွေကိုနားမလည်နိုင်တော့။ ရင်ထဲမှာဗလောင်ဆူလာသည်။ မျက်ရည်တွေဝဲနေသည် မှာ ကိုယ်သာလျင်အသိ။ မတတ်နိုင်တော့ ခယ တော့မည်။ အိမ်ကထွက်လာစဉ်က အိပ်ယာထဲ ကအမေ့ ချောင်းဆိုးနေသံကိုပြန်ကြားနေသလို၊ အမေ့ကို ညနေဆေးခန်းပြနိုင်ရေး
သူငယ်ချင်းဆီ ငွေလာချေးရခြင်းလေ။
“ငတေ..ငါ့မှာ အရင်တပတ်က ကားဝယ်လိုက်လို့ ၊ငွေအများကြီးမရှိဘူးကွ”။ ရင်ထဲ နင့်နေအောင် ခံစားလိုက်ရသည်။ သူ ကျပ်တည်းစဉ်က ကျနော့မိဘပိုင် ဟိုင်းလတ်ကားလေး
ပိုင်၇ှင်ပြောင်းနေခဲ့ရဘူးသည်။
“သူငယ်ချင်း..ငါဒီလောက်ငွေအများကြီးမလိုပါဘူးကွာ၊ဒီညနေအမေကိုဆေးခန်းပြနိုင်ရင်တော်ပါဘီ”။ ငါ အမြန်ဆုံးပြန်ဆပ်နိုင်အောင် ကြိုးစားပေးမယ်လို့ ကတိပေးပါတယ်ကွာ။” အမေရယ်..အမေကျေးဇူးတွေက ဒီလောက်လေးအောက်ကြို့ ရတာလောက်နဲ့ မကျေဘူးဆို
တာ သားသိနေပါတယ်။
(မိတ်ဆွေ..ဒီလိုလူတွေကို တွေ့ ဘူးပါသလား၊ တကယ်၇ှိခဲ့ဘူးတာပါ။)

Subscribe to:
Post Comments (Atom)
No comments:
Post a Comment