Wednesday, February 13, 2008
ဗိုလ်ချုပ်မွေးနေ့ (သို့ ) ဘလော့တခုမွေးဖွားခြင်း
ဒီနေ့ ဟာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့  ဖေဖော်ဝါရီ ၁၃ ရက်။ မိမိ တဦးအနေအားဖြင့် ဗိုလ်ချုပ် သည်သာ ဗမာ့သူရဲကောင်း စစ်သား ဗိုလ်ချုပ် အဖြစ်သတ်မှတ်ထားသူ။ နအဖ ရဲ့ ဗိုလ်တွေကိုတော့ သခင့် ဖိနပ်ကို ပြောင်စင်အောင်တိုက်ချွတ်ပေးနေသူတွေအဖြစ် နားလည်ထားသူရယ်ပါ။ ဗိုလ်ချုပ်ရဲ့ မွေးနေ့ မှာ ဘလော့ဂါ တချို့ ဆီက ဗိုလ်ချုပ်အကြောင်းပြန်လည် ဖတ်ရူမိပြီး ကြက်သီးမွေးညင်းထရ
သည် အထိ လေးစားဂုဏ်ယူမိပါတယ်။ သူလိုလူ ဘယ်ဝယ်ရှိနိုင်ပါတော့မလဲ။ မျိုးနဲ့ ရိုးနဲ့  ခေါင်းဆောင် မူ ပေးလာတဲ့ သူ့ အကြောင်း၊ သူ့ အဖိုး ဗိုလ်မင်းရောင်(အင်္ဂလိပ် ကိုတော်လှန်တိုက်ပွဲဝင်ခဲ့သူ)၊ သူ့ သမီး ဒေါ်စု(လူထုခေါင်းဆောင်)။ အားလုံးသောသူ့ အမျိုးဟာ ဗမာ့ခေါင်းဆောင်တွေ ၊ပြည်သူတွေလေးစား ယုံကြည် အားထားခဲ့သူတွေ။ နအဖ ဗိုလ်နဲ့ ယှဉ်ရင် နံသာဆီနဲ့ ခွေးချီးလို လုံးလုံးမှ မအပ်စပ်။ ကိုယ်ကျိုး အတွက်ဘာမှ အခွင့်အရေးမယူဘဲ ငါးမူးတန်းက ရုပ်ရှင်ကြည့်ခဲ့သူ ဗိုလ်ချုပ်ကို မျက်ရည်ဝဲမိရသည်အထိဖြစ်ရတယ်။
ဒီနေ့ ဖေဖော်ဝါရီ၁၃ရက်ကို အသက်၂၀အောက်လူငယ်တွေ မသိသလောက်ဖြစ်နေတာကို ကိုယ်တွေ့ ကြုံ့ဖူးပါတယ်။ စင်္ကာပူကို သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ရန်ကုန်မှာသင်တန်းတွေ
တက်ရောက်နေတဲ့ လူုငယ်လေးကို မေးကြည့်မိတာ။ သူမသိဘူးဆိုတော့ မင်းလားကွ ပြည်ပကိုသွားမှာ
ဘာဗဟုသုတမှမရှိတဲ့ ကောင်ဆိုပီး ဒေါသထွက်မိသွားတယ်၊ စိတ်မကောင်းလည်းဖြစ်မိတယ်။ လူငယ်တွေဟာ ဗိုလ်ချုပ်မွေးနေ့ ကို မသိကြပေမဲ့ နောက်တနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ၁၄ရက် ဗယ်လင်တိုင်းနေ့ ကိုတော့ ကြီးကျယ်ခမ်းနားစွာကျင်းပနေကြတယ်။ ၀မ်းနဲစရာကောင်းလိုက်တာဗျာ။
ဗိုလ်ချုပ်မွေးနေ့ မှာ ဒီဘလော့လေးကိုမွေးထုတ်ပေးလိုက်တာ ဒီ ခံစားချက်လေးကြောင့်ပါ၊ ပြည့်စုံ
ခြင်းမရှိသေးတဲ့ ဒီနေရာလေးရဲ့ လိုအပ်နေမူတွေကို နားလည်ပေးကြပါ။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment